တာဝေးပစ်လက်နက်တွေကို ၂၀၂၄ ခုနှစ်က ချထားတဲ့နေရာကို ရွှေ့ပြောင်းဖို့တောင်း ထိုင်းကာချုပ် တောင်းဆို

(နိုင်ငံတကာ) ဇူလိုင် ၁၄

ကမ္ဘောဒီးယားနိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်အရေးတင်းမာမှုဖြေလျော့ဖို့ နည်းလမ်းတွေကို ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဆိုပြုတဲ့ နည်းလမ်းတွေထဲမှာ နှစ်နိုင်ငံကြား နယ်စပ်ရေးရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တာဝေးပစ် လက်နက်တွေကို ဖယ်ရှားဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့ပြင် နှစ်နိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုချောမွေ့စေရေးနဲ့ ပြည်သူတွေ ပိုမိုလွတ်လပ်စွာ သွားနိုင်စေရေးအတွက် နယ်စပ်စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်မှုကို တစ်ပြိုင်နက်လုပ်ဆောင်သွားဖို့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အကြံပြုထားသလို တာဝေးပစ်လက်နက်တွေကို ၂၀၂၄ ခုနှစ်ကချထားတဲ့နေရာကို ရွှေ့ပြောင်းဖို့ကိုလည်း တောင်းဆိုတယ်လို့ ဗိုလ်ချုပ်ကြီး ဆောင်ဝစ်နွန်ပက်ဒီးက ပြောပါတယ်။

အလားတူ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေအရ ပူးပေါင်းဆောင်ရွက်ရေးမှာ တိုးတက်မှုတွေ ရရှိထားပြီး သီတင်းပတ်တစ်ပတ်ကို နယ်စပ်မှာပူးတွဲကင်းလှည့်မှု သုံးကြိမ်လုပ်ဆောင်ဖို့ သဘောတူထားတယ်လို့လည်း ဗိုလ်ချုပ်ကြီး ဆောင်ဝစ်နွန် ပက်ဒီး က ပြောထားပါတယ်။

#PAN