နေပြည်တော်တွင် ချောင်းအတွင်းရေဆင်းကူးရာမှ ကျောင်းသူတစ်ဦးရေနစ်သေဆုံး

(ပြည်တွင်း) ဇူလိုင် ၁၃

နေပြည်တော် ဥတ္တရသီရိမြို့နယ် ၊ချောင်းမကြီးနှင့် ချောင်းမငယ်ချောင်းဆုံတွင် ကျောင်းသူတစ်ဦး ရေနစ်သေဆုံးကြောင်း သိရသည်။

ယနေ့၁၁နာရီခွဲ အချိန်ခန့်တွင် မယမင်းသက်၊ ၁၄ နှစ်၊ (ဘ)ဦးတင်ကြိုင်၊ Grade-10 ကျောင်းသူ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ချောင်းမကြီးရွာဟောင်းအနောက်ဘက်တဲစုဥတ္တရသီရိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်နေသူသည် ချောင်းအတွင်းရေကူးရင်း ရေနစ်သေဆုံးကြောင်း သိရသည်။

အဆိုပါ ရေနစ်သေဆုံးသူ မယမင်းသက်လောင်းအား နေပြည်တော်၊ ကုတင်-၁ဝဝဝ ဆေးရုံသို့ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။