(ပြည်တွင်း) ဇူလိုင် ၁၃

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်းအဖြစ် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာ နှစ်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
အဆိုပါအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပစဉ် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ရှေ့ပြေးစီမံချက်အနေဖြင့် ဆောင်ရွက်သွားမည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ မကျီးပင်ကျေးရွာအုပ်စုမှ ရေဘေးသင့်ကျေးရွာဖြစ်သည့် ညောင်ပင်သာနှင့် မကျီးပင် ကျေးရွာတို့တွင် လူမှုအဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံချက် ဖော်ဆောင်ရေးအတွက် ဦးတည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စီမံချက်ရွာနှစ်ရွာ၏ လူမှုစီးပွားရေးအခြေအနေကိုသုံးသပ်ပြီး လိုအပ်ချက်များနှင့် လုပ်ဆောင်ဖြည့်ဆည်းပေးရမည့် နည်းလမ်းလုပ်ငန်း များကို ရှာဖွေဖော်ထုတ်ပြီး စီမံချက်ရေးဆွဲသွားရမှာ ဖြစ်လို့ လက်တွေ့ဖြစ်နိုင်ခြေဆန်းစစ်ချက်များ ဖော်ထုတ်ရမည် ဖြစ်ကြောင်း၊ အဆိုပါဆန်းစစ်ချက်များ ပေါင်းစပ်ပြီးနောက် လုပ်စရာရှိသည့်လုပ်ငန်းများကို ဆက်လုပ်ကြရ မည်ဖြစ်ပြီး လုပ်ဆောင်ချက်များ၏ အောင်မြင်ပြီးစီးမှုကိုလည်း ကာလအလိုက် ပြန်လည်သုံးသပ် ဆန်းစစ်သွားကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ပြောကြားခဲ့ပါတယ်။
အကြမ်းဖျင်းစီမံချက်အနေဖြင့် အပိုင်းနှစ်ပိုင်းခွဲပြီးဆောင်ရွက်ရန် စဉ်းစားထားကြောင်း၊ ပထမအပိုင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျှော့ချရေးအတွက် အစီအမံများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ် ညှိနှိုင်းလုပ်ဆောင်ပေးပြီး ဒေသခံပြည်သူများသိရှိအောင် ရပ်ရွာအခြေပြုအသိပညာပေးလုပ်ငန်းများ ပြုလုပ်သွားကြ ရမည်ဖြစ်ကြောင်း၊ ဒုတိယအပိုင်းဖြစ်သည့် လူမှုစီးပွားရေးပြန်လည်ထူထောင်မှုအပိုင်းဖြစ်သည့် စီးပွားရေးအပိုင်းတွင် မိမိတို့ကော်မတီအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးကုန်ထုတ်သမနှင့် MSME များထူထောင်ပေးခြင်း၊ အရင်းအနှီးအတွက် မြစိမ်းရောင်၊ VDF၊ မွေးမြူရေးအစုအဖွဲ့များကို တိုးချဲ့ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် Cash for Work အစီအစဉ်များ ဆောင်ရွက်ပေးခြင်းများ ပြုလုပ် ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်၍ ရှေးဟောင်းသမိုင်းဝင် သားခိုတောင် ဒေသန္တရခရီးစဉ်ကို ညောင်ပင်သာအပန်းဖြေစခန်းနှင့် တွဲဖက်ဆောင် ရွက်နိုင်ရန် ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်သူ့ဆက်ဆံရေး Public Relations နှင့်ပတ်သက်၍ မကျီးပင်၊ ညောင်ပင်သာတွင်ရှိသည့် Community Center ကို အခြေပြုပြီး ဘက်စုံစီမံကိန်း နှင့်ပတ်သက်၍ ဒေသခံလူထုကို သတင်းအချက်အလက် မျှဝေခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုရှေ့ပြေးစီမံချက်မှသည် ကျန်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ဒေသအလိုက် အလားတူဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တစ်နိုင်ငံလုံးက ပြည်သူများအတွက် နမူနာအဖြစ် သတင်းအချက်အလက်များ မျှဝေပေးနိုင်ရန်နှင့် မိမိတို့လုပ်ငန်း ကော်မတီ၏ ပြည်သူ့အကျိုးပြုလုပ်ဆောင်ချက်များကို ပိုမိုသိရှိနားလည်ပြီး နိုင်ငံတော်အစိုးရအပေါ် ပိုမိုယုံကြည် အားကိုးလာနိုင်ရန်အတွက် မီဒီယာနည်းလမ်းများကတစ်ဆင့် ထုတ်လွှင့်ဖြန့်ချိသွားရန်လိုကြောင်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့ ပါတယ်။
အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ် နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
Telegram»…
https://t.me/positiveanglenews