(ပြည်တွင်း) ဇူလိုင် ၁၁

ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် အာဇာနည်နေ့တွင် အခမ်းနားကျင်းပမည့် နေရာများ၌ လမ်းပိတ်လမ်းလွှဲဆောင်ရွက်မည့်နေရာများကို ပြည်သူများသိရှိစေရန် ဇူလိုင်လ ၁၀ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်တွင် အာဇာနည်နေ့အခမ်းနားကျင်းပမည့် မနက် ၄ နာရီကစတင်ပြီး အခမ်းနားပြီးဆုံးသည်အချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းကို ရေတာရှည်လမ်းဟောင်းမှ လည်းကောင်း၊ ရွှေဂုံလမ်းကို ဓမ္မစေတီ-ရွှေဂုံလမ်းဆုံ၊ အာဇာနည်လမ်းကို အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘို လမ်းအထိ လည်းကောင်း၊ ဦးဝိစာရအဝိုင်းကနေ ဓမ္မစေတီလမ်းဆုံထိလည်းကောင်း လမ်းပိတ်လမ်းလွှဲဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်မည့်အချိန်တွင်လည်း နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံအထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရား လမ်းဆုံနှင့် စောမဟာလမ်းဆုံမှ လည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှလည်ကောင်း လမ်းပိတ်လမ်းလွှဲဆောင်ရွက်မည်ဖြစ်ပါတယ်။
အလံတင်အခမ်းနားကျင်းပမယ့် အတွင်းဝန်ရုံးမှာလည်း မနက် ၅ နာရီကနေ ညနေ ၆ နာရီထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံထိလည်ကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်း လမ်းဆုံမှ လည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်လမ်းလွှဲဆောင်ရွက် မည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
အဆိုပါနေ့များတွင် ယာဉ်မောင်းပြည်သူများအနေနဲ့ သင့်လျော်တဲ့လမ်းလွှဲမှ မောင်းနှင်သွားလာကြရန် အသိပေးထားခြင်းဖြစ်ပါတယ်။ လာမည့် အာဇာနည်နေ့အခမ်းနားကို ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းများ နှင့်အညီ လုပ်ဆောင်မှာလည်း ဖြစ်တယ်လို့ အသိပေးထားပါတယ်။
Telegram»…
https://t.me/positiveanglenews