(ပြည်တွင်း) ဇူလိုင် ၁၁

မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA)မှ “သတင်းစာပညာ သိမှတ်ဖွယ်ရာများ”(အခမဲ့)သင်တန်းကို ဗိုလ်တထောင်မြို့နယ်တွင် (၅)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို Myanmar Journalists Association (မြန်မာနိုင်ငံသတင်းစာဆရာအသင်း) မှ အသင်းဝင်များ၊ အသင်းဝင်ရန် ဆန္ဒရှိသူများ၊ သတင်းမီဒီယာပညာကို စိတ်ပါဝင်စား သူများ တက်ရောက်နိုင်ကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းဆရာနှင့် Guest Speaker များဖြစ်ကြသော ဟိန်းလတ်၊ ငြိမ်းမင်း၊ အောင်စိုးဦး၊ ကြည်စိုးထွန်း၊ ကိုကို(စက်မှုတက္ကသိုလ်)၊ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဌေးလင်း စသည့် စာပေ၊ ရုပ်ရှင်နှင့် သတင်းမီဒီယာများမှ ပညာရှင်များ၊ ဆရာများက အိုင်တီ၊ ဒီဂျစ်တယ် မီဒီယာပညာရပ်များကို ဟောပြော ပို့ချမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းကို သိမ်ဖြူလမ်းမပေါ်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမတွင် ဇူလိုင် (၁၄) ရက်မှ (၁၈) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းချိန်အား (ပထမပိုင်း) နံနက် (၁၀) နာရီမှ မွန်းတည့် (၁၂) နာရီအထိ၊ (ဒုတိယပိုင်း) မွန်းလွဲ (၁) နာရီမှ ညနေ (၃) နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။
သင်တန်းပြီးဆုံးပါက သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်မည်ဖြစ်ပြီး သင်တန်းသား (၃၀) မှ (၄၀) ဦးသာ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများသည် ဦးသိန်းအေး (MJA Office) ဖုန်း – ၀၉ ၇၇၇ ၃၉၀ ၉၈၇၊ e-mail : envoy.theinaye@gmail.com နှင့် MJA ရုံးအဖွဲ့ ဖုန်း – ၀၉ ၂၅၁၀၁၅၁၁၉ သို့ ဇူလိုင် (၁၃) ရက်၊ မွန်းတည့် (၁၂) နာရီ နောက်ဆုံးးထားပြီး ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews