မောက်မယ်က ရွေးကောက်ခံပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ပစ်ခတ်သတ်ဖြတ်ခံရ

(မှုခင်း) ဇူလိုင် ၁၁

အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်စလုံးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံခဲ့ရတဲ့ မောက်မဲ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟာ လက်နက်ကိုင်အကြမ်းဖက်တွေရဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။

ဦးစိုင်းငေါင်းဆိုင်ဟိန်းဟာ ခြံထဲကိုသွားရောက်၍ ဆေးဖြန်းနေစဉ် ဒီနေ့ ဇွန် ၁၁ ရက် မနက် ၉ နာရီခွဲအချိန်ခန့်မှာ အကြမ်းဖက်သမားတွေကလာရောက်ပစ်ခတ်သွားတာလို့လည်း ဆိုပါတယ်။

၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်လုံးမှာ အနိုင်ရရှိခဲ့တဲ့ မောက်မယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆိုင်း​​ငေါင်းဆိုင်ဟိန်းဟာ လွှတ်တော်အတွင်း အရေးကြီးအဆိုတွေ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်းတွေ၊ ပညာရေးနဲ့ပတ်သက်တဲ့မေးခွန်းပေါင်းများစွာ ကြယ်ပွင့်မပြမေးခွန်းများစွာကို ဆောင်ရွက်နိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဦး​ဆိုင်းငေါင်းဆိုင်ဟိန်းကို မည်သည့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က လာရောက်ပစ်ခတ်သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ လောလောဆယ်မသိရသေးပေမယ့် ကျူးကျွန်သူတွေကိုဖမ်းဆီးရမိဖို့ လုံခြုံရေးအဖွဲ့က ရှာဖွေနေတယ်လို့ သိရပါတယ်။

#PAN