မူးယစ်ဆေးဝါးသယ်လာတဲ့ ယင်းမာပင် PDF ကို  CDF ဟားခါး ဖမ်းဆီး

(မှုခင်း) ဇူလိုင် ၁၀

ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူးထောက်ခံစာတဲ့ မူးယစ်ဆေးဝါးကုန်ကူးလာတဲ့ PDF အဖွဲ့ကို ဖမ်းဆီးလိုက်တယ်လို့ ချင်းလက်နက်ကိုင်အဖွဲ့ CDF ဟားခါးက ဒီနေ့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

NUG လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေထဲကတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူးရဲ့လက်မှတ်နဲ့ ဖလမ်းမြို့ကို မူးယစ်ဆေးဝါးအပြားရေ ၃ သန်းနီးပါးကိုသယ်ဆောင်လာ ဟားခါးမြို့နယ်အတွင်းမှာဖမ်းဆီးရမိလိုက်တာလို့ CDF ဟားခါးက ပြောပါတယ်။

စိတ်ကြွဆေးပြား ၃ သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ ဖလမ်းမြို့နယ်၊ ဗားရ်တံတားကို Hilux အမျိုးအစားမော်တော်ယာဉ်အပါအဝင် Forland ကားတွေနဲ့ သယ်ဆောင်လာခဲ့ကြတာလို့လည်း ဆိုပါတယ်။

ဇူလိုင် ၈ ရက်နေ့က ဟားခါးမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဆိုပါမူးယစ်ဆေးဝါးတွေနဲ့အတူ PDF ၃ ဦး မောင်းပြန် သေနက်(၂)လက်၊ Mini Starlink(၂)ခု ယာဉ်မောင်း ၁ ဦးနဲ့ စပယ်ယာ ၁ ဦးတို့ကိုဖမ်းဆီးနိုင်ခဲ့ပေမယ့် မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေးတာဝန်ခံဖြစ်တဲ့ မောင်ဇော်လတ် ခေါ် ဦးဝင်းမော် ကိုပုတီး ခေါ် ဦးကျော်မင်းဇော် တို့ကတော့ ထွက်ပြေးသွားလို့ လွတ်မြောက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးတွေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်က မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိထားသတွေကို ဥပဒေအတိုင်း အရေးယူသွားမယ့်အပြင် ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းတွေ ထပ်မံတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ CDF ဟားခါးက ထုတ်ပြန်ထားပါတယ်။