
(စီးပွားရေး) ဇူလိုင် ၁၀
ဆော်ဒီ-မြန်မာနှစ်နိုင်ငံ ငါးတင်ပိုမှုမှာ မြန်မာ၏ရေချိုမွေးမြူရေးငါးတင်ပိုခွင့် ယာယီပိတ်ပင်ခံထားသော်လည်း ရေငန်ငါးများမှာ ဈေးကွက်ရရှိနေဆဲဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနကနေ သိရပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ဆော်ဒီအာရေးဗျနိုင်ငံအပါအဝင် ယူအေအီး၊ကာတာ၊ ကူဝိတ်၊ အီရတ်၊ ဘာရိန်း အစရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများသို သဘာဝရေငန်ငါးများနှင့် မွေးမြူရေး ရေချိုငါးများကို နှစ်စဉ်ပုံမှန် တင်ပိုလျက်ရှိရာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလနောက်ပိုင်းမှစ၍ ဆော်ဒီအာရေဗျနိုင်ငံသို မွေးမြူရေးငါးတင်ပိုမှုကို ယာယီရပ်ဆိုင်း ပေးထားခဲ့ရကြောင်း သိရပါတယ်။
သိုသော်မြန်မာနိုင်ငံမှငါးများကို အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများက နှစ်သက် ကြပြီး နှစ်စဉ်ဒေါ်လာသန်း ၁၀၀ အထိ ဈေးကွက်ရှိနေရာ ဆော်ဒီအာရေးဗျနိုင်ငံထံမှ ဝယ်လက်ပိုမိုရရှိကြောင်း သိရပါ တယ်။
ဒါကြောင့် ဆော်ဒီနိုင်ငံသို မြန်မာနိုင်ငံမှ ငါးတင်ပိုမှုမှာ ရေချိုမွေးမြူရေးငါးများ ယာယီပိတ်ထားသော်လည်း ၎င်းတိုဘက်မှ ပြန်လည်ကမ်းလှမ်း၊ စစ်ဆေးမှုများလုပ်ဆောင်လိုကြောင်း အကြောင်းပြန်လာပါက အဆင်သင့် ဖြစ်အောင် လုပ်ဆောင်ထားကြောင်း သိရပါတယ်။