ကော့ကရိတ်နေပြည်သူတွေကို တစ်အိမ်ထောင် ဆန်တပြည် ကရင်ပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့

(ပြည်တွင်း) ဇူလိုင် ၁၀

အခက်အခဲဖြစ်နေတဲ့ ကော့ကရိတ်မြို့နေ မိသားစုဝင်တွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့က တစ်အိမ်ထောင်စုကို ဆန် တစ်ပြည်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇွန်လ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်ကစပြီး ကော့ကရိတ်မြို့ပေါ် ရပ်ကွက် ၇ ခုမှာနေထိုင်ကြတဲ့ အိမ်ခြေ ၁၇၅၀ခန့်ကို ပေးဝေခဲ့တာလို့ သိရပါတယ်။

“တစ်အိမ်ထောင်ဆန်ပြည်ဆိုတဲ့ပမာဏကမများပေမယ့် အခုလို ကြည့်ရှု့စောင့်ရှောက်ပေးတယ်ဆိုတဲ့ ပီတိနဲ့တင် ကြေနပ်ရပါတယ်” လို့ မြို့ခံတစ်ဦးက PAN ကိုပြောပါတယ်။

ကော့ကရိတ်မြို့နေပြည်သူတွေရဲ့အခက်အခဲကို တတ်နိုင်သမျှဆောင်ရွက်ပေးဖို့လုပ်ဆောင်နေပြီး ဆက်လက်ပံ့ပိုးပေးဖို့ စီစဉ်နေတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့နဲ့နီ’စပ်တဲ့အသိုင်းအဝိုင်းထံသိရပါတယ်။