*******************
(ပြည်တွင်း) ဇူလိုင် ၉

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဥ်များနှင့်ပတ်သက်၍ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Bacque တို့ ဇူလိုင်လ ၈ ရက် နံနက်ပိုင်းက တိုင်းအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ကြ ပါတယ်။
တွေ့ဆုံစဥ်မှာ ICRC ရဲ့ ပုံမှန်ဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် ဒေသများမှာ ICRC မှ ငလျင်ဒဏ်ခံခဲ့ရသူများအတွက် ရေရရှိရေး၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ကူညီပေးနေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြပါတယ်။
#PAN