ငလျင်ကြီးဘေးဒဏ်သင့် ပြည်သူများအတွက် ရုရှားကုမ္ပဏီတစ်ခုက ငွေကျပ် သန်း ၉၀၀ ကျော်လှူဒါန်း


(ပြည်တွင်း) ဇူလိုင် ၉

မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် လိုအပ်တဲ့ ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ JSC “Rosoboronexport” ကုမ္ပဏီက ငွေကျပ် ၉၀၆ ဒသမ ၂၅ သန်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါလှူဒါန်းမှုကို ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီမှာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ လာရောက်ပေး အပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါလှူဒါန်း ငွေများကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း က လက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN