သန်လျင် Star City မီးပွိုင့်အနီးတွင် ကား၂ စီးတိုက် ၁ ဦးဒဏ်ရာရ

(မှုခင်း) ဇူလိုင်၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားနှင့် Star City မီးပွိုင့်အနီးတွင် ကားနှစ်စီးတိုက်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ည ၈ နာရီ ၅၀ မိနစ်ခန့်က သန်လျင်မြို့နယ်၊ သံလျင်တံတားနှင့် Star City မီးပွိုင့်အနီးတွင် ကားနှစ်စီးတိုက်မိကာ အမျိုးသားတစ်ဦး ကားခေါင်းခန်းအတွင်း၌ညပ်နေသဖြင့် သံလျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသားတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထားသဖြင့် လောကအလင်းလူမှုကူညီရေးအသင်းမှ သန်လျင်ပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN