ကျောက်မဲနဲ့ မိုးကုတ်မြို့ကို ဗုံးကြဲတယ်လို့ TNLA ပြော


(ပြည်တွင်း) ဇူလိုင် ၈

တအောင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့တွေကို လေတပ် ဂျက်ဖိုက်တွေက ဒီနေ့မနက်ပိုင်းမှာ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ကပြောပါတယ်။

မနက် ၉ နာရီ၀န်ကျင်က ကျောက်မဲမြို့ကို ကြဲခဲ့ပြီး ၉ နာရီ ၃၅ မိနစ်၀န်ကျင်မှာတော့ မိုးကုတ်မြို့ အနောက်ပိုင်းကို တစ်ပြိုင်တည်း ဗုံးတွေလာရောက်ကြဲချခဲ့တာလို့ TNLA လော်ဘီ Telegram Channel ကဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၅)ရက်နေ့နဲ့ (၆) ရက်နေ့တွေကလည်း TNLA တွေခိုအောင်းနေတဲ့ ကျောက်မဲနဲ့ သီပေါမြို့တွေက အဆောက်အဦးတစ်ချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA လော်ဘီတွေကပြောဆိုထားကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အများပြည်သူသွားလာ အသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်တိုက်ခိုက်တာ ထိခိုက်ပျက် စီးစေတာတွေအပြင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေတဲ့လုပ်ဆောင်ချက်တွေနဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေကို တိုက်ခိုက်တာ တပ်ဌာနချုပ်တွေကို နှောင့်ယှက် တိုက်ခိုက်တာတွေ၊ ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမယ့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတွေကို မပြုလုပ်ကြဖို့ အဲဒီလိုဆောင်ရွက်လာရင် တပ်မတော်အနေနဲ့ ပြည်သူလူထုကိုကာကွယ်တဲ့အနေနဲ့ လိုအပ်တဲ့အရေးယူ တုန့်ပြန်မှုတွေကို ဆောင်ရွက်သွားမယ်လို့ တပ်မတော်က အသိပေး ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN