(ပြည်တွင်း) ဇူလိုင် ၇

အမေရိကန်စစ်သားဟောင်းတွေ ကိုယ်တိုင်ပါဝင်တဲ့ Free Burma Ranger အဖွဲ့အပါအဝင် KNPP ၊ KNDF တွေထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ဆင်ရေးကာလ ၆ လကျော်အတွင်း တိုက်ပွဲပေါင်း ၆၁၅ ကြိမ်နဲ့ တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

အဓိကစစ်ကြောင်းတွေဟာ မိုးဗြဲမြို့ရဲ့ မြောက်ဘက်ခြမ်း သစ်ရာကုန်း ရပ်ကွက်နဲ့ စည်ကား(၂)ရပ်ကွက် တွေကစပြီး ကျန်ရပ်ကွက် (၁၄)ခုကျော်ကို ရပ်ကွက်တစ်ခုချင်းအလိုက် အကြမ်းဖက် သမားတွေ အခိုင်အမာ ခံစစ်ပြုလုပ်ထားတဲ့ မြေပေါ်မြေအောက် ဘန်ကာတွေ၊ အုတ်တံတိုင်းဖောက်ပြီး ပစ်ပေါက်နေရာတွေ၊ အထပ်မြင့် အဆောက်အအုံတွေအပါအဝင် စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းနဲ့ ဆေးရုံနေရာတွေကို ခက်ခက်ခဲခဲနဲ့ အချိန်ယူရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကရင်နီလက်နက်ကိုင်အကြမ်းဖက်သမားတွေဖြစ်တဲ့ KNDF နဲ့ KNPP တို့ ထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်းတွေက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး ၂၀၂၅ ခုနှစ်၊ နှစ်ဦးပိုင်းကစပြီး အဆင့်ဆင့်ခြေကုတ်ယူ ချေမှုန်းဆောင်ရွက်ခဲ့ပြီး မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အဓိက အုပ်ချုပ် ထောက်ပံ့မှုပြုတဲ့ ဖယ်ခုံ၊ မိုးဗြဲ အနောက်ဘက်ခြမ်းနဲ့ မိုးဗြဲမြို့ရဲ့ အရှေ့ဘက်ခြမ်းတွေကို ထိန်းချုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

စစ်ဆင်ရေးကာလ (၆) လ အတွင်း ရန်သူနဲ့ တိုက်ပွဲကြီးပေါင်း (၂၁၅)ကြိမ်၊ ထိတွေ့မှုပေါင်း(၄၀၀)ကြိမ် ဖြစ်ပွား ခဲ့ပြီး မိုးဗြဲမြို့ရဲ့ တောင်ဘက်အစွန်ဆုံး မွေတော်ဘုရားရှိရာ မြို့မရပ်ကွက်ကို ဇူလိုင်လ ၅ ရက်နေ့၊ အရှေ့ဘက်အစွန်ဆုံးရပ်ကွက်ဖြစ်တဲ့ ညောင်ဝိုင်းရပ်ကွက်ကို ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းတွေမှာ တိုက်ခိုက်ရယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပြီး အကြမ်းဖက် KNPP ၊ KNDF နဲ့ သူတို့ရဲ့ မဟာမိတ် အကြမ်းဖက်အဖွဲ့ တပ်ပေါင်းစုတွေအပါအဝင် အဲဒီတိုက်ပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့တဲ့ Free Burma Ranger အဖွဲတွေနဲ့ လူသားချင်းစာနာ ထောက်ထားခြင်း ခေါင်းစဉ်နဲ့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ဆေးကုသရေးအဖွဲ့တွေကိုလည်း အပြီးတိုင်ချေမှုန်းသုတ်သင်ပြီး မိုးဗြဲမြို့တစ်မြို့လုံးကို ထိန်းချုပ်လိုက်တာလို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ဆင်ရေးကာလအတွင်း ရန်သူအလောင်း(၂၄) လောင်း၊ လက်နက် မျိုးစုံ(၆၃)လက် အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းတွေနဲ့ Video File တွေသိမ်းဆည်းရမိခဲ့တယ်လို့ လည်း သိရပါတယ်။
ထိတွေ့မှုဖြစ်ပွားစဉ်တွေအတွင်း တပ်မတော်က ကျဆုံးခဲ့သူအချို့ နဲ့ ဒဏ်ရာ ကြီးငယ်ရခဲ့သူအချို့ရှိခဲ့တယ်လို့လည်း သိရပါတယ်။
တပ်မတော်စစ်ကြောင်းတွေဟာ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့တွေကိုဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က ရှင်းလင်းဖို့ကျန်ရှိနေတဲ့ (၄.၅)ကီလိုမီတာအကွာအဝေးကို အပြီးတိုင် ဆက်လက်ရှင်း လင်းနေပြီး လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေး လမ်းမကြီးကို မကြာမီအချိန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံနေတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews