အကြမ်းဖက် PDFများက သစ်ပင်စိုက်နေသည့် သစ်တောဝန်ထမ်း သုံးဦးနှင့် အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးအား ဖမ်းဆီး


(ပြည်တွင်း) ဇူလှိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာအုပ်စုအတွင်းရှိ ပုပ္ပါးတောင်ဥယျာဉ် ရေဆူစခန်းတွင် သစ်ပင်စိုက်နေသည့် သစ်တောဝန်ထမ်း သုံးဦးနှင့် အုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးအား အကြမ်းဖက် PDF များက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဇူလှိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပုပ္ပါးတောင်ဥယျာဉ်မှ အုပ်ချုပ်ရေးမှုး ဦးတင်အုန်းကျော်၊ တောအုပ် ဦးကျော်နိုင်ဦး၊ တောခေါင်း ဦးရဲလင်းထက်၊ တောခေါင်း ဦးလွင်ဦး(ယာဥ်မောင်း)၊ ရေနံ့သာဒင်္ဂါး သစ်ပင်စိုက်အဖွဲ့တာဝန်ခံ ဦးဝေလင်းထွန်း(ရေနံချောင်းမြို့နယ်)တို့သည် သစ်တောရေဆူစခန်းတွင် သစ်ပင်စိုက်ပျိုးနေစဥ် အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးတင်အုန်းကျော် ပိုင်ဆိုင်သည့် 4H/5335 Mitsubishi RBI အညိုရောင်ယာဥ် ၁ စီးပါ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ဝန်ထမ်းများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများမှ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN