



(မှုခင်း) ဇူလိုင် ၇
တောခိုသွားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အမျိုးသမီးရဲဘော်တစ်ဦးကို ဗကသနှစ်ဦးက မုဒိန်းကျင့်ခဲ့တာကြောင့် ထုတ်ပယ်တယ်လို့ ဗကသကထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ 7 Jul အချိန်ကိုက်ထုတ်ပြန်လာတာဖြစ်ပြီး ထုတ်ပြန်ချက်ကိုအားရပေမယ့် မြေပြင်နဲ့လွဲချောမှုတွေရှိနေတယ်လို့ ဗကသတွေက ပြောဆိုကြပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာတော့ ကျူးလွန်သူနှစ်ဦးဟာ လိင်မှုကိစ္စရယူဖို့ ရည်ရွယ်ချက်နဲ့ တစ်ဦးတည်းနေတဲ့ အမျိုးသမီးရဲဘော်ရဲ့ နေရာကို ညဉ့်နက်ပိုင်းမှာ လာရောက်ခဲ့ပြီး အကြိမ်ကြိမ် ငြင်းဆိုခဲ့တဲ့ကြားက လိင်ပိုင်းဆိုင်ရာ အဓမ္မရယူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာမှန်ကန်တယ်လို့ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုမျိုးမောင်မောင်နဲ့ ကိုမျိုးညီညီတို့နှစ်ဦးဟာ လိင်မှုကိစ္စရယူဖို့ အနုနည်းတွေ အကြမ်းနည်းတွေနဲ့ အကြိမ်ကြိမ်တောင်းဆို ကြိုးစားခဲ့တယ်လို့လည်းပြောပါတယ်။
ဗကသ တစ်ချို့ကတော့ ကြိုးစားတယ်ဆိုတဲ့အဆင့်ထက်ကျော်ကာ မဒိန်းကျင့်တဲ့လုပ်ရပ်ဖြစ်ပြီး အဖွဲ့အတွင်းမှာ အိမ်ထောင်ရှိအမျိုးသားတွေရဲ့ ဖောက်ပြန်မှုတွေ အိမ်ထောင်ရှိအမျိုးသမီးတွေရဲ့ဖောက်ပြန်မှုတွေအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြီးကြီးမားမားဖြစ်ပေါ်နေတယ်လို့ ပြောဆိုနေကြပါတယ်။