ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ ပြည်သူများအတွက် ၁ ဒသမ ၆ ထရီလီယံကျော်ထောက်ပံ့မည်


(ပြည်တွင်း) ဇူလိုင် ၇

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ပြည်သူများ၏ နေအိမ်ပေါင်း ၅၀,၀၀၀ ကျော်အတွက် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများဝယ်ယူရန် ၁ ဒသမ ၆ ထရီလီယံ ကျော် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရပါတယ်။

မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုရှိ မြို့နယ် ၅၄ ခုမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ ပြည်သူများ၏ နေအိမ်ပေါင်း ၅၀,၀၀၀ ကျော်အတွက် ဘိလပ်မြေ၊ သံချောင်း၊ သစ်၊ အိမ်မိုးသွပ် များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေနဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

အခုလိုထောက်ပံ့ရာမှာ နေအိမ်အမျိုးအစားပေါ်မူတည်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ငွေသားနှင့် ပစ္စည်းထောက်ပံ့ များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN