ကျွန်းစုမြို့နယ်ရှိ အုပ်စုအုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF အဖွဲ့ သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ မဲတောကျေးရွာအုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF အဖွဲ့ မှ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၅ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ကျွန်းစုမြို့နယ်၊ အုတ်ဖိုးမော်ရွာသို့ ဝင်းဘို၊ ထိုက်ငယ် နှင့် ဇော်ဝမ်း တို့ ဦးဆောင်သည့် အကြမ်းဖက် PDF အဖွဲ့ ၃ ဖွဲ့မှ အင်အား ၅၀ ကျော်ခန့် သည် ည ၉ နာရီတွင် မဲတေားအုပ်စု၊ မဲတောရွာသို့ ရောက်ရှိပြီး မဲတောအုပ်ချုပ်ရေးမှူး ဦးအောင်မြင့် အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကော်ဇယာအုပ်စု၊ ချောင်းကြီးဝရွာ၊ သင်္ချိုင်း အရောက်တွင် သတ်ဖြတ်မြှုပ်နှံထားခဲ့ကြောင်းး သိရသည်။

အဆိုပါ အကြမ်းဖက် PDF ခေါင်းဆောင် သုံးဦးသည် NLD အစိုးရလက်ထက်တွင် ရပ်ကျေးအုပ်ချုပ်ရေးးမှူးများဖြစ်ပြီး တပ်မတော်မှ အာဏာထိမ်းသည့်အချိန်မှ စ၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသူများဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN