OPEC+ က ဩဂုတ်လအတွက် ရေနံထုတ်လုပ်မှုပမာဏကို တိုးမြှင့်နိုင်ဖွယ်ရှိ


(နိုင်ငံတကာ) ဇူလိုင် ၅

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ဖြစ်သော OPEC+ အဖွဲ့က ဇူလိုင်လ ၅ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲ၌ ဩဂုတ်လအတွက် ရေနံထုတ်လုပ်မှုကို တိုးမြှင့်သွားရေးသဘောတူနိုင်ကြောင်း သတင်းအရင်းအမြစ် များကပြောသည်။

ဩဂုတ်လအတွက် ရေနံထုတ်လုပ်ရာတွင် တစ်ရက်လျှင် ရေနံစည် ၄၁၁,၀၀၀ ကို တိုးမြှင့်ထုတ်လုပ်သွားရန် သဘောတူနိုင်ဖွယ်ရှိကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်များက ပြောထားခြင်းဖြစ်သည်။

အကယ်၍ OPEC+ အဖွဲ့က ယင်းကဲ့သို့ ရေနံတိုးမြှင့်ထုတ်လုပ်မည့်ပမာဏကို သဘောတူခဲ့လျှင် ၎င်းတို့ တစ်ရက်တာထုတ်လုပ်သော စုစုပေါင်းရေနံပမာဏက စည်ပေါင်း ၁ ဒသမ ၇၈ သန်းအထိရှိလာမည်ဖြစ်ပြီး ထိုပမာဏသည် ကမ္ဘာ့ရေနံသုံးစွဲမှုပမာဏ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်းနှင့် ယင်းကဲ့သို့ ရေနံကိုတိုးမြှင့် ထုတ်လုပ် ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းသည်လည်း ကျဆင်းလာနိုင်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN