KBZ Pay နဲ့ နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများကို လှူဒါန်းနိုင်ရန်ဆောင်ရွက်ထား


(ပြည်တွင်း) ဇူလိုင် ၅

မြန်မာနိုင်ငံတဝန်းရှိ တန်ခိုးကြီးဘုရားများကို သဒ္ဒါတရားထက်သန်စွာဖြင့် အလှူငွေထည့်သွင်းလှူဒါန်း လိုသော အလှုရှင်များအနေနဲ့ KBZ Pay ကတစ်ဆင့် လှူဒါန်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အလှူငွေထည့်သွင်း လှူဒါန်းလိုသော အလှူရှင်များအနေနဲ့ KBZPay, Wave Money , AYAPay ,UABPay, A+ Wallet နှင့် အခြားသော မိုဘိုင်းလ် ပိုက်ဆံအိတ်များမှ တစ်ဆင့် KBZPay ၏ MMQR ကို Scan ပြုလုပ်ကာ တန်ခိုးကြီး ဘုရားများသို အလွယ်တကူ ဒါနကုသိုလ်ပြု လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ လှူဒါန်းမှုပြုလုပ်နိုင်သောဘုရားများမှာ စူဠာမုနိလောကချမ်းသာဘုရား၊ ပြည်ရွှေဆံတော်ဘုရား၊ မန္တလေးမဟာမုနိဘုရား၊ မဟာမုန်းမျက်ရှင်တော်ဘုရား(ဦးခန္တီဘုရား)၊ ကျောက်ဆည်ကျောက်သေတ္တာစေတီတော်၊ မဟာရွှေမြင်တင်ဘုရား၊ မဟာလောကရံသီအိမ်တော်ရာစေတီတော်၊ ဥပ္ပါတသန္တိစေတီတော်၊မြစေတီဘုရား၊ အာနန္ဒာ ဂူဘုရား၊ မနူဟာဘုရား နှင့် ရွှေစည်းခုံဘုရား တို့ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN