မှတ်ပုံတင်စမတ်ကတ်ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထား


(ပြည်တွင်း) ဇူလိုင် ၅

မှတ်ပုံတင်စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးတဲ့လုပ်ငန်းကို ဇူလိုင်လ ၄ ရက် ကစပြီး ယာယီ ရပ်နားထားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်ထားပါတယ်။

e-ID စနစ်ဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက် ကောင်းမွန် စေရန်အတွက် Server Maintenance လုပ်ငန်းများ ယနေ့မှစ လုပ်ဆောင်ရမည်ဖြစ်တာကြောင့် ထိုသို့ရပ်နားထားခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အခုလိုဆောင်ရွက်နေတဲ့ ကာလအတွင်း မြို့နယ်ရုံးများ၌ UID နံပါတ်ရယူခြင်း၊ အွန်လိုင်းမှကိုယ်ရေး အချက်အလက် တိုက်ဆိုင်စစ်ဆေးခြင်းစသည့် လုပ်ငန်းများလည်း ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါကြောင့် e-ID ဆိုင်ရာလုပ်ငန်းများ မြန်ဆုံးပြန်လည်အသုံးပြုနိုင်ရန်အတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကာ အသုံးပြုနိုင်မည့်အချိန်ကို ထပ်မံကြေညာသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာန ကနေ ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN