(နိုင်ငံတကာ) ဇူလိုင် ၅

ဂျာမနီနိုင်ငံသည် ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးနိုင်ရန်ရည်ရွယ်၍ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများကို လျှို့ဝှက်စွာဝယ်ယူရန် မျှော်လင့်နေကြောင်း Bild သတင်းစာက အစိုးရတာဝန်ရှိသူများ၏ ပြောဆိုချက်ကိုကိုးကား၍ ဖော်ပြထားသည်။
အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများတင်ပို့မှုကို ယခုသီတင်းပတ်အတွင်း ရပ်ဆိုင်း လိုက်ပြီးနောက် ဂျာမနီက အမေရိကန်မှ Patriot ဒုံးကျည်ကာကွယ်ရေးစနစ်နှစ်ခုကို ဝယ်ယူ၍ ယူကရိန်းသို့ ထောက်ပံ့ပေးရန် စီစဉ်လာခြင်းဖြစ်သည်ဟု ဂျာမနီအစိုးရ တာဝန်ရှိသူများကပြောသည်။
အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်များတင်ပို့မှု ရပ်တန့်ခြင်းသည် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားကို ဦးစားပေးခြင်းဖြစ်ကြောင်း အမေရိကန်တာဝန် ရှိသူများကပြောသည်။
ထိုဆုံးဖြတ်ချက်ကြောင့် အမေရိကန်က ဂျာမနီသို့ Patriot ဒုံးကျည်များ ရောင်းချမှုငြင်းဆန်လိုက်မည်ကို ဂျာမနီကစိုးရိမ်နေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews