
(ပြည်တွင်း) ဇူလိုင် ၄
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း အဂတိတိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အဆိုပါအစီအစဉ်ကို အစိုးရဌာန/အဖွဲ့အစည်းများရဲ့ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက်ရည်ရွယ်ကာ ဆောင်ရွက်နေတဲ့ကိစ္စရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုအစီအစဉ်ကို Short Code နံပါတ် “1111” မှ တစ်ဆင့် SMS ဖြင့်ပေးပို့ မေးမြန်း နိုင်ပြီး၊ မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းနဲ့ အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှု လုပ်ငန်းများမှာ လိုအပ်ချက် နှင့် အားနည်းချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူများအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများက သက်သာ သောနှုန်းထားဖြင့် SMS များ ပြန်လည်ဖြေကြားပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက် ထားကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။