(ပြည်တွင်း) ဇူလိုင် ၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC Buddhist University)၏ ပါရဂူတန်း(Ph.D.)ဝင်ခွင့်ရ ရဟန်းနှင့် လူပုဂ္ဂိုလ်များ၏ အောင်စာရင်းများ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါပါရဂူဘွဲ့(Ph.D.)ဝင်ခွင့်စာမေးပွဲအတွက် အရည်အချင်းစစ်စာမေးပွဲ၏ သုတေသနအဆိုပြုလွှာ စာတမ်း တင်သွင်းဖတ်ကြားခြင်းကို ဇွန်လ ၂၇ ရက်က IBEC ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပခဲ့ပါတယ်။
၎င်းအစီအစဥ်သို့ IBEC ဗုဒ္ဓတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်သောဘိတ ၏ ဦးဆောင်မှု ဖြင့် တက္ကသိုလ်ပါမောက္ခဆရာတော်များ၊ မော်ကွန်းထိန်းဆရာတော်များ၊ တက္ကသိုလ်ပါမောက္ခများတက်ရောက်၍ စိစစ်အကဲဖြတ် အတည်ပြုခဲ့ကြပြီးနောက် ဝင်ခွင့်ရရှိသူများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
ပါရဂူဘွဲ့(Ph.D.) ဝင်ခွင့် ရသူများက လာမယ့်ဇူလိုင်လ ၃ ရက် နံနက် ၈ နာရီမှာ IBEC ဗုဒ္ဓတက္ကသိုလ်မှာ ကျင်းပမယ့် ကျောင်းသားသစ် ကြိုဆိုပွဲသို့ တက်ရောက်ရန် ကြွရောက်ကြရမည် ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews