မွန်ပြည်နယ်ကမြို့နယ်အားလုံးနီးပါးမှာ ကျားဖြူပါတီဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေ


(ပြည်တွင်း) ဇူလိုင် ၂

ရှမ်းလူမျိုး ၃ ဦးသာရှိတဲ့ ပေါင်မြို့အပါအဝင် မွန်ပြည်နယ်က မြို့နယ် ၇ ခုမှာ ကျားဖြူပါတီက ရုံးခန်းတွေဖွင့်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဒီမိုကရက်တစ်ပါတီဟာ ဇွန်လ ၂၅ ရက်နေ့ကစပြီး မွန်ပြည်နယ်မှာ ပါတီရုံးတွေကိုဆက်တိုက်ဖွင့်လှစ်နေပြီး မြို့ ၇ ခုအထိဖွင့်လှစ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ရှမ်းတိုင်းရင်းသားတွေအများစုပါဝင်တဲ့ ကျားဖြူပါတီဟာ ရှမ်းလူမျိုး ၂၈၇ ဦးသာရှိတဲ့ မုဒုံမြို့၊ ရှမ်းလူမျိုး ၁၃၀ ကျော်သာရှိတဲ့ ကျိုက်ထိုနဲ့ မော်လမြိုင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့က ပါတီရုံးခန်းတွေဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ရှမ်းလူမျိုး ၉၀၀ နီးပါရှိတဲ့ ဘီးလင်း၊ ၃၀၀ နီးပါးသာရှိတဲ့ မုဒုံ၊ ရှမ်းလူမျိုး ၃ ဦးသာရှိတဲ့ ပေါင်၊ ၂၉၀၀ ကျော် သထုံမြို့နယ်တွေမှာလည်း ရုံးခန်းတွေဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

၂၅ ရက်နေ့က သထုံကိုရောက်လာတယ် သကားပြောဆိုပြီးတော့ပြန်သွားကြတယ်လို့ သိရတယ်။ သထုံမြို့နယ်က ရှမ်းလူမျိုးတွေအများဆုံးရှိတဲ့ ကြက်တူရွေးတောင်ကျေးရွာနဲ့ ဝင်းစိန်ကျေးရွာတွေက ရွေးကောက်ပွဲမလုပ်နိုင်လောက်ဘူး နယ်မြေမအေးဘူး ဒါကြောင့် သထုံမှာလည်း ရှမ်းလူမျိုးအနည်းအကျဉ်းသာရှိတော့မယ်လို့ မြို့ခံတစ်ဦးက PAN ကိုပြောပါတယ်။

ကျားဖြူပါတီအနေနဲ့ လာမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် မွန်ပြည်နယ်အတွင်းက မြို့နယ်တိုင်းနီးပါးမှာ ပါဝင်ယှဥ်ပြိုင်သွားဖို့ ပြင်ဆင်နေတယ်လို့လည်း ပါတီနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဟာ ရှမ်းပြည်နယ်အပြင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်နဲ့ မွန်ပြည်နယ်တွေမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့သိရပြီး လက်ရှိမှာတော့ ပါတီရုံးပေါင်း ၁၂၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN