(မှုခင်း) ဇွန် ၃၀
KNLA နဲ့ PDF အကြမ်းဖက်အဖွဲ့တွေဟာ ဇွန်လ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးသူနဲ့ ဒဏ်ရာရှိသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဝဲကြီး(တောင်)ကျေးရွာနေသူတွေဖြစ်တဲ့ မောင်ဇွဲပြည့်(၇)နှစ်၊ ဒေါ်ခင်အေးစု(၅၆)နှစ်နှင့် ဒေါ်သီတာဦး(၃၅)နှစ်တို့သုံးဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုသော်တာဦး(၂၂)နှစ်၊ ဒေါ်ခင်ရွှေ(၇ဝ)နှစ်၊ ဦးဆန်းဝင်း (၅၆)နှစ်၊ မောင်မျိုးမင်းဆက်(၂၄)နှစ်၊ မောင်ဉာဏ်လင်းထက်(၂၂)နှစ်၊ မောင်ပြည့်စုံ(၁၈)နှစ်၊ ဦးတင်ဝင်းထွန်း(၄၄)နှစ်၊ ဦးမျိုးမင်းထွန်း(၃၇)နှစ်၊ မောင်ကောင်းခန့်သော်(၈)နှစ်၊ ဒေါ်စံပယ်(၄၃)နှစ်၊ မောင်ခန့်(ခ)ခန့်ညား(၁၇)နှစ်၊ မောင်ဘုန်းခန့်သော်(၇)လ၊ မောင်ကံထူးဝေ(၈)လ၊ မောင်စုမြတ်သူ (၁၂)နှစ်၊ မစုမြတ်မွန်(၁၀)နှစ်၊ မသွယ်သွယ်စိုး(၈)နှစ်၊ မရွှေဇင်ဦး(၂၆)နှစ်၊ မတွယ်တာဦး(၂ဝ)နှစ်၊ ဒေါ်ဝါဝါမြင့်(၄၉)နှစ်၊ ဒေါ်စုနွေဇင်(၃၈)နှစ်၊ဒေါ်ဇာ(၃၄)နှစ်၊ ဒေါ်ချို(၆၀)နှစ်၊ ဝဲကြီး(မြောက်)ကျေးရွာ နေသူများဖြစ်ကြတဲ့ ဦးဝင်းညွန့်(၅၆)နှစ်၊ ဒေါ်ခင်ဌေး(၇၃)နှစ်နဲ့ ဝဲဒေါင့်ကျေးရွာနေ ဦးနိုင်ထွန်း (၄၆)နှစ်တို့ ၂၅ ဦးမှာ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာတွေအသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။

သေဆုံး/ဒဏ်ရာရရှိသူတွေကို ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ လိုအပ်တဲ့ ဆေးဝါး ကုသပေးမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

#PAN