ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အိုလက်ဇန္ဒါးအူဆက်ခ်က ဒေါ်နယ်ထရမ့်အား ဖိတ်ခေါ်


(နိုင်ငံတကာ) ဇွန်လ ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အိုလက်ဇန္ဒါးအူဆက်ခ်က ဖိတ်ခေါ်လိုက်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အိုလက်ဇန္ဒါးအူဆက်ခ်က ဒေါ်နယ်ထရမ့်အနေနဲ့ ယူကရိန်းစစ်ပွဲကို ပိုမိုနားလည်စေဖို့ သူ့အိမ်မှာ လာနေပါဆိုပြီး ဖိတ်ခေါ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“သူ ယူကရိန်းကို လာပြီးတော့ ကျနော့်အိမ်မှာ တပတ်လောက်နေကြည့်ဖို ထရမ့်ကို အကြံပေးချင်ပါတယ်၊ တပတ်ပါပဲ၊ ညတိုင်း ဒီမှာဘာတွေဖြစ်နေလဲဆိုတာကို စောင့်ကြည့်ပေးပါ၊ ညတိုင်းမှာ ကျနော့်အိမ်ပေါ်ကနေ ဗုံးတွေ၊ လေယာဉ်တွေ ပျံသန်းနေတာပါ၊ ဒါမျိုးက ဆက်မဖြစ်သင့်တော့ပါဘူး”လို့ အိုလက်ဇန္ဒါးအူဆက်ခ်က ပြောဆိုခဲ့ပါသေးတယ်။

Telegram>>…https://t.me/positiveanglenews

PAN