(စီးပွားရေး) ဇွန် ၆
မန္တလေးဈေးကွက်တွင် ၅၄ ပိဿာ ပြောင်းတစ်အိတ်လျှင် ငွေကျပ် ၈၂,ဝဝဝဈေးပေါက်နေတယ်လို့ သိရပါတယ်။

ပြည်တွင်းပြောင်းတွေကို နယ်စပ်ကုန်သွယ်ရေးနဲ့ ပင်လယ်ရေကြောင်းတွေက ထိုင်းနိုင်ငံကို တင်ပို့နေပြီး ပြည်တွင်း ပြောင်းပေါက်ဈေးဟာ ထိုင်းနိုင်ငံကိုတင်ပို့ရရှိတဲ့ ပြောင်းဈေးပေါ်မူတည်ပြီး ဈေးအတက်၊ အကျ ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းပြောင်းဈေးကွက်ကို ဧရာဝတီပြောင်းတွေသာ အဓိကဝင်ရောက်နေပြီး ပြောင်းပေါက်ဈေးဟာ မေလကုန်ပိုင်းမှာ ရန်ကုန်အဝယ်ဈေး ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁,၇၂၀၊ ဧရာဝတီပြောင်း တစ်ပိဿာလျှင် ငွေကျပ် ၁,၇၃၅ ၊ မန္တလေးဈေးကွက်တွင် ၅၄ ပိဿာ ပြောင်းတစ်အိတ်လျှင် ငွေကျပ် ၈၂,ဝဝဝ အထိရှိတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေထံက သိရပါတယ်။
ဒါ့အပြင် ၅၄ ပိဿာ (ရှမ်း) ပြောင်းတစ်အိတ်လျှင် ငွေကျပ် ၈၄,၀၀၀ မှ ၈၅,၀၀၀၊ ပြောင်းဖူး(CP) ၅၄ ပိဿာတစ်အိတ်ကို ငွေကျပ် ၈၄,၅ဝဝ က ၈၅,ဝဝဝ၊ အထွက်တိုးပြောင်း(နီ) ၅၃ ပိဿာ တစ်အိတ်ကို ငွေကျပ် ၇၉,ဝဝဝ မှ ၈ဝ,ဝဝဝ အသီးသီး ဈေးရရှိနေတယ်လို့ သိရပါတယ်။
#PAN