(ပြည်တွင်း) ဇွန် ၃
မန္တလေးတိုင်းဒေသကြီး ၊ ငါန်းဇွန်မြို့နယ်ရှိိ ကျေးရွာများတွင် အကြမ်းဖက်PDFများ ဝင်ထွက်သွားလာခြင်း၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် အများသူငှာပိုင်အဆောက်အဦးများတွင် စခန်းချနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ အမြဲဆောင်ရွက်လျက် ရှိသည်။

ထိုသို့ အကြမ်းဖက်မှုလုပ်ရပ်များ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်၁၀နာရီခွဲအချိန်ခန့်က ငါန်းဇွန်မြို့နယ် သူနတ်စစ်ကျေး ရွာအုပ်စု၊ကျောက်တိုင်ကျေးရွာ၊ရွာအရှေ့ထိပ်ဓမ္မာရုံ၌ အကြမ်းဖက် PDF များရောက်ရှိနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးစစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များသည်ကျောက်တိုင်ကျေးရွာ၏အရှေ့ဘက် ငါန်းဇွန်-တံတားဦး နယ်စပ်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ နေရာအား လုံခြုံရေးစစ်ကြောင်းမှ ဆက်လက်ရှင်းလင်းခဲ့ရာ အကြမ်း ဖက် PDF များ နေထိုင်သွားသည့် ဓမ္မာရုံအတွင်းမှ လက်လုပ်မိုင်း ၄လုံးနှင့်မိုင်းပြုလုပ်ရာတွင် အသုံး ပြုသည့်ဆက်စပ်ပစ္စည်းများ၊ကျောက်တိုင်ရွာနှင့်ရွှေတွင်းကုန်းကျေးရွာချင်းဆက်လမ်းပေါ်တွင် ထောင်ထားသည့် လက်လုပ်မိုင်း ၄လုံးတို့ကို ဖေါ်ထုတ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
#PAN