ထန်းပင်ကုန်းကျေးရွာက ရာအိမ်မှူးကို အုတ်ဖို PDF ကပစ်ခတ်သတ်ဖြတ်

(မှုခင်း) ဇွန် ၃

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ အုတ်ဖို PDF က ပြောပါတယ်။

အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူး အောင်မိုးခိုင်ကို ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က ချောင်းခွ(ကေ)ရွာနဲ့ သရက်နှစ်ဖျားလိန်ရွာကြားက လမ်းမပေါ်မှာ သတ်ဖြတ်ခဲ့တယ်လို့ အုတ်ဖို PDF က ထုတ်ပြန်ပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား အုတ်ဖို PDF အဖွဲ့ဝင်တွေဟာ ရာအိမ်မှူးရဲ့ ဦးခေါင်းတည့်တည့်ကို သေနတ်နဲ့ ၃ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ရာမိမ်မှူးဆီက လက်ပစ်ဗုံး ၁လုံးကိုလည်း ယူဆောင်ခဲ့တယ်လို့ ထုတ်​ပြန်ထားပါတယ်။

#PAN