ကိုဗစ်လူနာသစ် ၁၇ ဦး ထပ်တိုးတွေ့ရှိ

(ကျန်းမာရေး) ဇွန် ၃

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ ၁၇ ဦးထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်ရောဂါပိုးကူးစက်မှုတွေ့ တစ်ကျော့ပြန်ဖြစ်ပွားလာပြီး အသစ်ထပ်မံတွေ့ရှိတဲ့ ၁၇ ဦး အပါအဝင် ဇွန်လ ၃ ရက်အထိ ပိုးတွေ့လာနာ စုစုပေါင်း ၂၅ ဦးရှိပြီဖြစ်ပြီးတယ်လို့ သိရပါတယ်။

မေလ ၂၅ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ ၁၇၇၈ ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး ပိုးတွေ့သူ ၁၇ ဦးတွေ့ရှိခဲ့တာကြောင့် ပိုးတွေ့ရာနှုန်းဟာ 0.96 % ရှိတယ်လို ဆိုပါတယ်။

၂၀၂၅ခုနှစ်ထဲမှာ ကိုဗစ်ပိုးတွေ့သူစုစုပေါင်း(၂၅)ဦးရှိပြီဖြစ်ပြီး ကိုဗစ်ပထမလှိုင်းမှ ၂၀၂၅ခုနှစ်ဇွန်(၁)ရက်အထိ ကိုဗစ်ပိုးတွေ့သူစုစုပေါင်း ၆၄၃၂၅၆ ဦးရှိပြီဖြစ်တယ်လို သိရပါတယ်။

#PAN