အမြန်လမ်းတွင်မော်တော်ယာဥ်တစ်စီး လမ်းဘေးရှိယူကလစ်ပင်အားဝင်ရောက်တိုက်မိရာမှ နှစ်ဦးဒဏ်ရာရ


(မှုခင်း) မေလ ၂၇

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အိမ်စီးမော်တော်ယာဥ်တစ်စီးသည် မောင်းနှင်လာမှအရှိန်လွန်ကာ လမ်းဘေးရှိ ယူကလစ်ပင်အားဝင်ရောက်တိုက်မိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံကသိရပါတယ်။

ဖြစ်စဥ်မှာမေလ(၂၇)ရက်နေ့ရက်နေ့၊ မွန်းလွဲ ၃း၃၅ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၂/၄)နှင့် (၃၂/၅)ကြားတွင် Toyota Crown Majestaအမျိုးအစား ယာဉ်တစ်စီးသည် မောင်းနှင်လာစဥ် မိုးရွာသွန်းထားသဖြင့် လမ်းချော်၍ အမြန်လမ်းမကြီးလမ်းဘေးရှိ ယူကလစ်ပင်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသတင်းရရှိ ဘောနတ်ကြီးအမြန်လမ်းနယ်မြေ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါ စီးနင်းလာသော ကျား(၂)ဦး၊ မ(၂)ဦးအနက်မှ ကျား(၁)ဦး၊ မ(၁)ဦးတို့မှာ ထိခိုက်ပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးမြို့ပြည်သူဆေးရုံသို့ တင်ပို့ဆေးကုသနေရကြောင်းသိရပြီး ဖြစ်စဥ် ကြောင့်ယာဥ်မှာပျက်ဆီးခဲ့ရပြီး သက်ဆိုင်ရာအမြန်လမ်းရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်းမနိုင်(စစ်တောင်း)၊ ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့

Telegram»…
https://t.me/positiveanglenews

PAN