(နိုင်ငံတကာ) မေ ၁၀

မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ် က လာမည့်နှစ်ပေါင်း ၂၀ အတွင်း ထိခိုက် လွယ်သူများကို ကူညီရန်အတွက် ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် သို့မဟုတ် ၎င်း၏ကြွယ်ဝမှု အားလုံးနီးပါးကို လှူဒါန်းသွားမည်ဟုပြောကြားခဲ့သည်။
မေလ ၈ ရက်က ထုတ်ပြန်သောကြေညာချက်တွင် ၎င်းသည် ငွေပမာဏအတိအကျသည် ဈေးကွက်များနှင့် ငွေကြေးဖောင်းပွမှုပေါ်တွင် မူတည်လိမ့်မည်ဖြစ်သော်လည်း ယခုအချိန်မှစ၍ ၂၀၄၅ ခုနှစ် ရောက်သည်အထိ ဂိတ်စ် ဖောင်ဒေးရှင်းက ဒေါ်လာဘီလီယံ ၂၀၀ ကျော် သုံးစွဲမည်ဟု ၎င်းက မျှော်မှန်းထားသည်။
အာဟာရချို့တဲ့မှုကြောင့် မိခင်နှင့်ကလေး သေဆုံးမှုလျော့နည်းစေရန်၊ ကူးစက်ရောဂါများကာကွယ်ရန်နှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် အဓိကထား လှူဒါန်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ၎င်း၏ဖောင်ဒေးရှင်းသည် ဒေါ်လာဘီလီယံ ၁၀၀ ကျော်ကို သုံးစွဲလှူဒါန်းခဲ့ပြီးဖြစ်သော်လည်း လာမည့် ဆယ်စုနှစ် နှစ်ခုတွင် နှစ်ဆတိုးလှူဒါန်း သွားမည်ဟု ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews