အမေရိကန်နိုင်ငံသားရဟန်းအမတ် ရောဘတ်ပရီဗို့ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရ


(နိုင်ငံတကာ) မေ ၉

ပီရူးနိုင်ငံ၌ ခရစ်ယာန်သာသနာပြုလုပ်ငန်းများဆောင်ရွက်နေသည့် အမေရိကန်နိုင်ငံသား ရဟန်းအမတ် ရောဘတ်ပရီဗို့ သည် မေလ ၈ ရက်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင် မြှောက်ခံရကြောင်း သိရသည်။

ရောဘတ်ပရီဗို့ အနေဖြင့် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းက ကက်သလစ်ဘုရား ကျောင်း၏ နှစ်ပေါင်း ၂၀၀၀ သက်တမ်းအတွင်း ပထမဆုံးသော အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီး ဖြစ်လာ စေခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီးနောက် ပုပ်ရဟန်းမင်းကြီးအသစ် တင်မြှောက်ခြင်းကို မေလ ၇ ရက်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မေလ ၈ ရက် ဒေသစံတော်ချိန် ည ၆ နာရီ ၇ မိနစ်မှ ပုပ်ရဟန်းမင်းကြီး အသစ်ကို ရွေးချယ်တင်မြှောက်နိုင်ပြီဖြစ်ကြောင်း အသိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုအခါ အသက် ၆၉ နှစ်ရှိပြီဖြစ်သော ရောဘတ်ပရီဗို့ သည် လီယို ၁၄ ဟူသော အမည်နာမဖြင့် ပုပ်ရဟန်းမင်းကြီးတာဝန်ကို ထမ်းဆောင်မည်ဖြစ်သည်ဟု AP သတင်းဌာနဖော်ပြချက်အရ သိရသည်။

Ref:TACC

Telegram»…
https://t.me/positiveanglenews

PAN