အစ္စရေးနိုင်ငံက လက်ဘနွန်တောင်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့


(နိုင်ငံတကာ) မေ ၉

အစ္စရေးနိုင်ငံသည် မေလ ၈ ရက်တွင် လက်ဘနွန်တောင်ပိုင်း နာဘာတီယာဒေသ ကို လေကြောင်း တိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း လက်ဘနွန်လုံခြုံရေးတာဝန်ရှိသူများက ပြောကြားထားသည်။

အစ္စရေး စစ်ဘက်၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပြီးနောက်ပိုင်း အစ္စရေးစစ်ဘက်က လက်ဘနွန်၌ ပြုလုပ်ခဲ့သည့် အပြင်းထန်ဆုံးတိုက်ခိုက်မှုများထဲတွင် ပါဝင်ကြောင်း လက်ဘနွန်တာဝန်ရှိသူများ၏အဆိုအရ သိရသည်။

အစ္စရေးနိုင်ငံနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုတို့သည် အမေရိကန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှု ဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရယူခဲ့သည်။

သို့ရာတွင် အစ္စရေးစစ်ဘက်သည် တစ်ခါတစ်ရံ လက်ဘနွန်နိုင်ငံအတွင်းရှိ စစ်သွေးကြွပစ်မှတ်များကို လေကြောင်း တိုက်ခိုက် မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလကလည်း အစ္စရေးနိုင်ငံသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ပိုင်းရှိ အဆောက်အအုံတစ်လုံးကို လေကြောင်းတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ အဆောက် အအုံသည် ဟစ်ဇ်ဘိုလာအုပ်စုက ဒုံးကျည်များသိုလှောင်ရာတွင် အသုံးပြုသည့်အဆောက်အအုံဖြစ်ကြောင်း အစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်ထားကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN