(အားကစား) မေ ၉

ယူရိုပါလိဂ်ဆီးမီးဖိုင်နယ် ဒုတိယအကျော့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယူရိုပါလိဂ်ဖိုင်နယ်အဆင့်မှာ ပရီးမီးယား လိဂ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ဆီးမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးအသင်းက အိမ်ရှင် ဘိုဒယ်ဂလင့် ကို ၂ ဂိုး ဂိုးမရှိ (နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုး)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး စပါးအသင်းက ဖိုင်နယ်အဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။
အခြားတစ်ဖက်မှ ယူရိုပါလိဂ်ဆီးမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းက ဘီလ်ဘာအို အသင်းကို အိမ်ကွင်းအိုးထရစ်ဖို့ဒ်ကွင်းမှာ ၄ ဂိုး၊ ၁ ဂိုး (နှစ်ကျော့ပေါင်းရလဒ် ၇ ဂိုး ၁ ဂိုး) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး မန်ယူအသင်းက ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ယူရိုပါလိဂ်ဖိုင်နယ်အဆင့်မှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews