(စီးပွားရေး) မေ ၉

မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ဈေးသို့ ပြည်ပ ဝယ်လက်များ ပြန်လည်လာရောက်ရန် စုံစမ်းမေးမြန်းမှုတွေရှိလာတယ်လို့ ကျောက်မျက် အရောင်းအဝယ် လုပ်ငန်းရှင် များထံက သိရပါတယ်။
ပြည်ပမှ ကျောက်စိမ်း၊ ကျောက်မျက်ကုန်သည်များဟာ ငလျင်ပြီးနောက် ပြန်လည်လာရောက်ဝယ်ယူရန် တည်းခိုစရာနေရာများအတွက် အထပ်နိမ့်အဆောက်အအုံများ၊ တည်းခိုခန်းများကို ကြိုတင် စုံစမ်းနေသူများ ရှိနေကြောင်းလည်း သိရပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ပြည်ပဝယ်လက်များအနေနဲ့ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်သွားပြီး ကျောက်မျက် ဈေးတွင်ပြည်တွင်း ဝယ်လက်များကလည်း အနည်းသာရှိတာကြောင့် ဈေးကွက် အေးနေတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews