မန္တလေးငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေဖျော်ဖြေပွဲကျင်းပမည်


(ပြည်တွင်း) မေ ၉

မန္တလေးငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံဂီတအစည်းအရုံးဝင် ဂီတအနုပညာရှင်များက မေလ ၁၁ ရက်တွင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်။

အဆိုပါ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)တွင် မေလ ၁၀ ရက်မှ ၁၂ ရက်အထိ ညနေ ၅ နာရီခွဲမှစတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မေလ ၁၁ ရက်မှာ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တေးသံရှင်များက ဖျော်ဖြေတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

ရန်ပုံငွေဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တေးသံရှင်များဖြစ်ကြတဲ့ ဘိုဘိုဟန်၊ ခင်မောင်ထူး၊ ကိုင်ဇာ၊ စည်သူလွင်၊ ဇော်ပိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဟဲလေး၊ လွှမ်းပိုင်၊ ဝေလ၊ ပူစူး၊ နွဲ့ယဉ်ဝင်း၊ မေခလာ၊ Lဆိုင်းဇီ၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ မီးနို၊ ဆိုင်စံ၊ ချမ်းမြေ့မောင်ချိုတို့က ဖျော်ဖြေပေးသွားမှာဖြစ်ပြီး တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက် မှုများကို Plus Three Band နှင့် Immortal Band တို့က ပူးပေါင်းဆောင်ရွက်ကာ အကောင်းဆုံးပံ့ပိုးတီးခတ် ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN