ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲကို ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုရမည်


(ပြည်တွင်း) မေ ၉

မန္တလေးငလျင်ကြောင့် မန္တလေးမြို့အတွင်းရှိ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) စာဖြေဌာနများအဖြစ်အသုံးပြုမည့် တက္ကသိုလ်နှင့်ကျောင်းများ ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်တွင် စာမေးပွဲကျင်းပပြုလုပ်ရန် အခက်အခဲများရှိသည့်အတွက် မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများ Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲဖြေဆိုသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးစာဖြေဌာနတွင် လျှောက်ထားသူများအနေနဲ့ ရန်ကုန်စာဖြေဌာန၌ ပြောင်းရွှေ့ဖြေဆိုခြင်းမရှိပါက စာမေးပွဲလျှောက်ထားမှုအားပယ်ဖျက်၍ စာမေးပွဲကြေးကို ပြန်လည်ထုတ်ယူ၍ လျှောက်ထားနိုင်ပြီး ပယ်ဖျက်လိုသော စာဖြေသူများအနေနဲ့ Google Form Link >> https://forms.gle/qQP81DXtFtu9prf97 မှတစ်ဆင့် ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် ညနေ ၄ နာရီအတွင်း စာရင်းပေးသွင်းရမှာဖြစ်တယ်လို့ လည်း သိရပါတယ်။

စာမေးပွဲကြေး ပြန်လည်လွှဲပေးသွားမည့်ရက်ကို ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး၊ အဆိုပါ ကာလအတွင်း Google Form တွင် ပယ်ဖျက်စာရင်းပေးသွင်းထားခြင်း မရှိပါက ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမည့် စာဖြေသူများအဖြစ် စာရင်းသွင်းသတ်မှတ်သွားမှာဖြစ်လို့ သိရပါတယ်။

ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမည့်သူများသည် Google Form တွင် ဖြည့်သွင်းရန်မလိုကြောင်းနှင့် ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုသူများအတွက် စာဖြေဌာနနေရာများနှင့်ပတ်သက်လို့ အသေးစိတ်ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီးတ်လို့ JLPT စာမေးပွဲကျင်းပ ရေးကော်မတီက ကြေညာထားလို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN