(နိုင်ငံတကာ) မေ ၇

ဂါဇာဒေသတွင် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအား အဆုံးသတ်စေမည်ဟု အစ္စရေးထံမှ ခိုင်မာသည့်ကတိကဝတ်ကို မရမချင်း စေ့စပ်ဆွေးနွေးခြင်းနှင့် အကျဉ်းသားလဲလှယ် ခြင်းတို့ကို ဟားမတ်စ်အဖွဲ့က ဆောင်ရွက်မည်မဟုတ်ဟု ဟားမတ်စ် တာဝန်ရှိသူတစ်ဦးက မေလ ၆ ရက်တွင် ပြောကြားသည်။
အစ္စရေးအနေဖြင့် ဂါဇာဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရေးရရှိရေးအတွက် ဟားမတ်စ်အဖွဲ့အား ဖိအားပေးနေကြောင်းနှင့် ထာဝရအပစ်အခတ်ရပ်စဲရေးကို မရည်ရွယ်သည့် ၎င်းဆောင်ရွက် ချက်ကို မိမိတို့လက်မခံကြောင်း ၎င်းက ပြောကြားသည်။
အစ္စရေးဘက်မှ ယာယီအပစ်အခတ်ရပ်စဲရေးကို ဟန်ပြဆောင်ရွက်ပြီး မကြာမီပြန်လည်တိုက်ခိုက် လာမည်သာဖြစ်ကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်စေမည်ဟူသော ကတိကဝတ် မပါသည့် ယာယီအပစ်အခတ်ရပ်စဲရေးကို မိမိတို့လက်မခံကြောင်း ၎င်းက ပြောကြားသည်။
အစ္စရေး တပ်မတော်သည် ဂါဇာဒေသခံများအား အငတ်ဘေးဆိုက်ရောက်စေခြင်းကို လက်နက်အဖြစ်သုံးစွဲနေကြောင်း ၎င်းက ပြောကြားသည်။ အစ္စရေးအစိုးရသည် ဂါဇာဒေသတွင် ထိုးစစ်များ ပြန်လည်ဆင်နွှဲမည့် အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်နေတန်ယာဟုက ပြောကြားခဲ့ပြီး ထိုသို့ဆောင်ရွက်ရခြင်းမှာ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းရန်နှင့် ဓားစာခံများလွတ်မြောက်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews