Pine Needle Tea သောက်ခြင်းရဲ့ ကောင်းကျိုးတွေ


(ကျန်းမာရေး) မေ ၄

ကျန်းမာရေး ကဏ္ဍကနေ Pine Needle Tea သောက်ခြင်းရဲ့ ကောင်းကျိုးတွေကို ပြောပြချင်ပါတယ်။

Pine Needle Tea က ကိုရီးယား နဲ့ မြောက်အမေရိက ဒေသတွေမှာ ရေပန်းစားပြီး သောက်သုံးနေတဲ့ လက်ဖက်ရည်တစ်မျိုး ဖြစ်ပါတယ်။

Pine Needle Tea ဟာ ထင်းရှူးပင်ရဲ့ အရွက်တွေကနေ ပြုလုပ်ထားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။

သူ့ကို အအေးလို သောက်သုံးနိုင်ပြီး အစာချေဖျက်မှုနဲ့ အစာအိမ် ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်လို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့်ထင်းရှူးပင်အားလုံးက စားသုံးဖို့ မသင့်လျော်တာကြောင့် စားသုံးနိုင်တဲ့ ထင်းရှူးပင်ရဲ့ အပ်ပုံစံ အရွက်တွေကိုသာ ဝယ်ယူကြဖို့ အကြံပြု လိုပါတယ်။

Pine needle tea မှာ Vitamin A မြင့်မားစွာပါ၀င်တာကြောင့် မျက်စိအမြင်အာရုံအတွက် ကောင်းမွန်စေပြီး ဆံပင်နဲ့ အရေပြားကို ပြန်လည်ရှင်သန်လာစေကာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ချောင်းဆိုးပျောက်ဆေးအဖြစ် အသုံးပြုနိုင်ပြီး ရင်ကြပိခြင်းကို သက်သာစေဖို့အတွက်နဲ့ လည်ချောင်းနာခြင်းအတွက်ပါ ကောင်းမွန်ပါတယ်။

နောက်ပြီးတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကုသပေးပြီး နာတာရှည် ရောဂါတွေ မဖြစ်စေအောင်လည်း လုပ်ဆောင်ပေးပါတယ်။

ဆောင်းရာသီမှာ Pine Needle Tea ကို ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းတို့ကနေ ကာကွယ်နိုင်ဖို့အတွက် အများဆုံး သောက်သုံးကြပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN