နာနတ်သီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ


(ကျန်းမာရေး) ၂၉

ယနေ့ ကျန်းမာရေးကဏ္ဍကနေ နာနတ်သီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။

နာနတ်သီးမှာ Vitamin C နှင့် bromelain မြင့်မားမှုကြောင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဝမ်းပျက်ခြင်းကဲ့သို့သော အစာခြေပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါ့အပြင် နာနတ်သီးဖျော်ရည်ထဲက ပိုတက်စီယမ်ဓာတ်ဟာ ကျောက်ကပ်ပြဿနာ ရှိသူများအတွက် မကောင်းပါဘူး။ အချို့လူများတွေလည်း ဓာတ်မတည့်မှုများလည်း ဖြစ်တတ်ပါတယ်။

နာနတ်သီးက သွေးချို တက်စေနိုင်ပါတယ်။ နာနတ်သီးမှာ သဘာ၀အရပေးတဲ့ သကြားဓာတ် ပါ၀င်မှု များပါတယ်။ အဲ့ဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးချိုကို မြင့်တက်သွားစေပါတယ်။

လက္ခဏာကတော့ ခေါင်းကိုက် ခြင်း၊ မကြာခဏ ဆီးသွားခြင်းတွေ ဖြစ်တတ်ပါတယ်။ နာနတ်သီးစားခြင်းက သွားတွေကို ပျက်စီးလာစေနိုင်ပါတယ်။ နာနတ်သီးမှာ အက်ဆစ်ဓာတ်များ ပါတာ ကြောင့် သွားပျက်စီးစေနိုင်ပါတယ်။

လက္ခဏာကတော့ သွားကိုက်တာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခံတွင်းဓာတ်မတည့်တဲ့ လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။ ပုံမှန်ကြည့်ရင် ဘာမှမဟုတ်ပေမယ့် ဖုန်မှုန့်တွေနဲ့ ဓာတ်မတည်သလိုပုံစံနဲ့တူပါတယ်။

အဲ့ဒီဓာတ်မတည့်ခြင်းက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က နာနတ်သီးရဲ့ ၀တ်မှုန့်မှာရှိတဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ တုန့်ပြန့်မှုပြတာဖြစ်ပါတယ်။

လက္ခဏာ က တော့ နာနတ်သီးစားပြီးရင် လျှာယားလာပါမယ်။ နာနတ်သီးစားခြင်းက တချို့လူတွေအတွက် ဓာတ်မတည်တာတွေ ဖြစ်စေပါတယ်။

နာနတ်သီးနဲ့ ဓာတ် မတည့်တာတွေက နာရီအနည်းငယ်လောကမှာ သက်သာသွားစေနိုင်ပေမယ့် ဒီထက်အချိန်ကြာ ရင်တော့ ဆရာ၀န် ပြသင့်ပါတယ်။ လက္ခဏာကတော့ နှုတ်ခမ်း ဖူးရောင်တာ၊ လည်ချောင်း တစစ်စစ် ဖြစ်တာတွေ ခံစားရပါမယ်။

Telegram»…
https://t.me/positiveanglenews

PAN