မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် နေအိမ် မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဧပြီ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၇)၊ လမ်းသွယ်(၅)ရှိ ဦးယောဆာဆာ၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၇)၊ လမ်းသွယ်(၅)ရှိ ပိုင်ရှင် ဦးယောဆာဆာ၏ (၂၄x၁၆)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်အပေါ်ထပ်တွင် ဧပြီလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ အနီးရှိ အခန်းစီးလိုက်ကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။