လားရှိုးမြို့ထဲကို စစ်ယာဉ်တန်း ရာနဲချီဝင်ရောက်လာ

(ပြည်တွင်း) ဧပြီ ၂၂

ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ထဲကို စစ်ယာဉ်တန်းရာနဲ့ချီဝင်ရောက်လာတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ရှမ်းသတင်းတွေဖော်ပြတဲ့ Telegram Channal တွေမှာတော့ ရှမ်းမြောက် လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် ယာဉ်တန်း အစီး ရာကျော် ထပ်မံဝင်ရောက်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ အတည်ပြုရေးသားထားပါတယ်။

ဧပြီ ၂၁ ရက်နေ့က လားရှိုးမြို့အတွင်းမှာထောင်ထားတဲ့ ကိုးကန့်အကြမ်းဖက်အဖွဲ့ MNDAA ရဲ့ အလံတွေကိုပြန်လည်ဖြုတ်သိမ်းသွားပြီးဖြစ်သလို MNDAA ကလည်း လားရှိုးကနေပြန်လည်ဆုတ်ခွာသွားပြီလို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့ထဲကို တရုတ်နိုင်ငံရဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့တွေနဲ့အတူ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိမ်ရှီကျွင်းလည်း ရောက်နေပါတယ်။

လက်ရှိမှာတော့ မြို့တွင်းမှာ တည်ငြိမ်နေပြီး မြို့ခံတွေကလည်း ပုံမှန်အတိုင်းသွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#PAN