ကျုံပျော်မြို့နယ်တွင် သေဆုံးနေသောအမျိုးသမီးအလောင်းတွေ့ရှိ

(မှုခင်း) ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ကျီးကုန်းအုပ်စု ကင်ပွန်းခြုံကျေးရွာ “မိချောင်းအိုင်”တံတား ဘေးရှိ‌ ရေအနည်းငယ်ရှိသောကန်အတွင်း၌ အမျိုးသမီးတစ်ဦးသေဆုံးနေသည် တွေ့ရှိရ​ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ကျုံပျော်မြို့နယ် မကျီးကုန်းအုပ်စု ကင်ပွန်းခြုံကျေးရွာနေ ဦးလေးဝင်း ၏သမီးဖြစ်သူ မဖူးပွင့်ဝေ ဆိုသူဖြစ်ကြောင်း သိရသည်။

မဖူးပွင့်ဝေဆိုသူမှာ ဧပြီလ ၁၈ ရက်နေ့ ည ၇ နာရီခန့်တွင် နေအိမ်မှပျောက်ဆုံးနေခြင်းဖြစ်ပြီး ဧပြီ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် “မိချောင်းအိုင်”တံတား ဘေးရှိ‌ ရေအနည်းငယ်ရှိသောကန်းအတွင်း၌ ၎င်း၏ အလောင်းကို ပြန်လည်တွေ့ရှိရှိရခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်အလောင်းအား စစ်ဆေးချက်များအရ ၎င်းမှာ မုဒိန်းပြုကျင့်ခံထားရပြီး သတ်ခံထားရသည်ကိုကြောင်းတွေ့ရှိရသည်ဟု ဒေသခံများမှပြောဆိုထားပြီး အဆိုပါ လူသတ် မုဒိန်းမှုကျူးလွန်သူအားဖမ်းဆီးရမိပြီး စစ်ဆေးအရေးယူမှုများဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

#PAN