ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၄ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ၁၄ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတွင် ယနေ့ ဧပြီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီဂန်းကျင် အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သုဝဏ္ဏနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ နာကူ(ရန်ကုန်)သီးသန့်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီး​လောင်မှုအား ၁၅ မိနစ်ကြာဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၁ နာရီ ၄ မိနစ်အချိန်တွင် မီငြိမ်းသည်ဟုသိရပြီး မီးလောင်ရခြင်းအကြောင်းအရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား တွက်ချက်နေကြောင်း သိရသည်။

ဓာတ်ပုံံ – နာ/ကူ ရန်ကုန်