ကော့ကရိတ် – ကျုံဒိုးအာရှလမ်းမကြီးမှာ တိုက်ပဲပြင်းထန်ခဲ့

(ပြည်တွင်း) ဧပြီ ၂၀

ကော့ကရိတ် – ကျုုဒိုးအာရှလမ်းမကြီးမှာ ဒီနေ့နက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က KNU လက်အောက်ခံအဖွဲ့တွေ အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့တွေနဲ့ တပ်မ​တော်တို့အ​ကြားတိုက်ပွဲ တိုက်ပဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်သောင်းကျန်းသူတွေဟာ ကော့ကရိတ်ကျုံဒိုး အာရှ လမ်းမကြီးပေါ်က တပ်မတော်လုံခြုံရေးအဖွဲ့တွေရှိရာ နွားခြံကုန်း၊ ငါးတိုင်နဲ့ကိုးတိုင်လမ်းဆုံနေရာမှာ နှစ်ဖက်တိုက်ပွဲမူဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ငလျင်ကယ်ဆယ်ရေးလုပ်ဆောင်နေရတဲ့ တပ်မတော်ဟာ လာမယ့် ဧပြီ ၂၂ ရက်နေ့အထိ တစ်ဖပ်သတ် အပစ်အခတ်ရပ်စဲထားပေမယ့် အကျန်းဖက်သောင်းကျန်းသူတွေကတော့ တပ်မတော်စခန်းတွေကိာဝင်ရောက်ပစ်ခတ်နေကြတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း ပြုလုပ်လာကြတာဖြစ်ပါတယ်။

ဒီနေ့ဖြစ်ပွာခဲ့တဲ့ ကော့ကရိတ်ကျုံဒိုး အာရှ လမ်းမကြီးပေါ်က တပ်မတော်စခန်းတွေကိုလာရောက်ပစ်ခတ်တဲ့ KNUနဲ့အကြမ်းဖက်သောင်းကျန်းသူတွေကို တပ်မတော်က Y12 နဲ့တနေကုန် လှည့်ပတ်ပျံသန်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သလို အဝေးကနေ မစ်ဇိုင်းတွေနဲ့ပါပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

မနက် ၁၁ နာရီဝန်းကျင်ကနေဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ညနေ၅နာရီအချိန်ထိဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ငြိမ်သက်တိတ်ဆိတ်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဧပြီလ ၁၉ ရက်နေ့ကလည်း ကော့ကရိတ်မြို့ရဲ့အနောက်တောင်ဘက်က တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာကို အကြမ်းဖက် KNLA/PDF တွေကလာရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲအတွင်းမှာတော့ တပ်ဘက်ကထိခိုက်မှုမရှိခဲ့ပဲ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ M-78 သေနတ် ၁ လက်၊ Glock ပစ္စတိုသေနတ် ၁ လက်၊လက်လုပ်ရှေ့ထွက်မိုင်း ၄ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ကော့ကရိတ် ကျုံဒိုးလမ်းရှိ တပ်စခန်းအားလာရောက်ပစ်ခတ်သည့် ပုံဟောင်း