(မှုခင်း) ဧပြီ ၁၈

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ ပေါင်းလောင်းမြစ်အတွင်း ရေဆင်းကစားရာမှ ရေနှစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ နှစ်ဆန်းတစ်ရက်နေ့က လှေခွင်းတောင်အနီးရှိ ပေါင်းလောင်းမြစ်အတွင်း ပေါင်းလောင်းဆိပ်ကမ်းသာ အရှေ့ဘက်မြစ်ကမ်းပါး၌ လာရောက်ရေဆော့ကစားကြရာမှ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မောင်လမျိုးသိန်း၊ ၁၄ နှစ်နှင့် အတူရှိသူသည် ရေဆင်းကစားရာမှ ပြန်မပေါ်လာသည်ကို သူငယ်ချင်းဖြစ်သူမှ သိရှိသဖြင့် ၎င်းနှင့်ပါလာသော မိတ်ဆွေများအား ရေနစ်မြုပ်သည့်ကိုပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနစ်မြုပ်လျှက်ရှိနေသူ စည်သူ၊ ၂၆ နှစ်မှာ ပြန်ပေါ်မလာသဖြင့် ရေငုပ်ကျွမ်းကျင်သူများခေါ်ယူရှာဖွေရှိရာ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် သေဆုံးလျက်တွေရှိရပြီး နေပြည်တော်ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်ခန့်က ကျည်တောင်ကျေးရွာ၊ လှေခွင်းတောင်၊ ပေါင်းလောင်းမြစ်ကမ်းဘေး၊ လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်း ရေချိုးဆိပ်နေရာ၌ ဦးဝင်းကိုကို နေရပ်လိပ်စာမသိသူသည် ရေဆင်းကူးရာမှ ပြန်ပေါ်မလာသည့်အတွက် အသိမိတ်ဆွေများမှ အလုပ်ရှင်ဖြစ်သူအား အသိပေးရာ ကယ်ဆယ်ရေးအဖွဲ့များနှင့် ရေနစ်မြုပ်သည့်နေရာအား ရှာဖွေကယ်ဆယ်ခဲ့ရပြီး ဦးဝင်းကိုကို အား ပေါင်းလောင်း(၁၆)ကုတင် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews