ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျဥ်းစခန်းအသီးသီးမှ အကျဥ်းသား၊အကျဥ်းသူ(၄၈၇)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ


(ပြည်တွင်း) ဧပြီ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌသည် မြန်မာနှစ်သစ်အခါသမ အထမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း အကျဥ်းထောင်/အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဥ်းသား/အကျဥ်းသူ(၄၈၉၃) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ယနေ့မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ဧပြီလ(၁၇)ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျဥ်းထောင်/အချုပ်ထောင်အသီးသီးမှ အကျဥ်းသား/အကျဥ်းသူ(၄၈၇)ဦး ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။

အကျဥ်းထောင်/အချုပ်ထောင်အသီးသီးမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အား သာယာဝတီအကျဥ်းထောင်မှ အကျဥ်းသား(၆၁)ဦး၊ အကျဥ်းသူ(၁၁)ဦး၊ ပေါင်း(၇၂)ဦး၊ ဒိုက်ဦးအကျဥ်းထောင်မှ အကျဥ်းသား(၈၂)ဦး၊ အကျဥ်းသူ(၄၃)ဦး၊ ပေါင်း(၁၂၅)ဦး၊ တောင်ငူအကျဥ်းထောင်မှ အကျဥ်းသား(၅၅)ဦး၊ အကျဥ်းသူ(၁၂)၊ ပေါင်း(၆၇)ဦး၊ ပြည်အကျဥ်းထောင်မှ အကျဥ်းသား(၆၈)ဦး၊ အကျဥ်းသူ(၁၂)ဦး၊ ပေါင်း(၈၀)ဦး၊ ပဲခူးအကျဥ်းထောင်မှ အကျဥ်းသား(၃၇)ဦး၊ အကျဥ်းသူ(၁၀)ဦး၊ ပေါင်း(၄၇)ဦး၊ ပေါင်းတည်အကျဥ်းထောင်မှ အကျဥ်းသား(၄၂)ဦး၊ အကျဥ်းသူ(၃)ဦး၊ ပေါင်း(၄၅)ဦး၊ ကျိုက်စကောအကျဥ်းထောင်မှ အကျဥ်းသား(၂၄)ဦး၊ ရွှေမြယာအကျဥ်းထောင်မှ အကျဥ်းသား(၂၇)ဦး၊ စုစုပေါင်းအကျဥ်းသား(၃၉၆)ဦး၊ အကျဥ်းသူ(၉၁)ဦး ကျားပေါင်း(၄၈၇)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြောင်းသိရှိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

Telegram»…
https://t.me/positiveanglenews

PAN