(ပြည်တွင်း) ဧပြီ ၁၇

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခုတွင် ဧပြီလ ၁၆ ရက်အထိ သေဆုံးသူ ၃၆၆၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၂၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦး ရှိနေကြောင်း နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန် ကြေညာထားရှိပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်း ပြည်ပမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များက လိုအပ်သည့် ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ဧပြီလ ၁၆ ရက်အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေ ကယ်ဆယ် ပေးနိုင်ခဲ့ပြီး သေဆုံး သူ ၇၅၂ ဦးအား ရှာဖွေပေးနိုင်ခဲ့ပါတယ်။
ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသလို ပြည်ပနိုင်ငံ များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်/အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီလ ၁၅ ရက် ည ၇ နာရီမှ ဧပြီလ ၁၆ ရက် ညနေ ၅ နာရီ အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ အိန္ဒိယနိုင်ငံနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ လူသုံးကုန် ပစ္စည်းများ၊ ယာယီအခိုအကာပစ္စည်းများနှင့် စားသောက်ကုန်များ လေယာဉ်နှစ်စင်းဖြင့် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၆၇ ဒသမ ၂၃၂ တန်ကျော် ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။
ထောက်ပံ့ရေးပစ္စည်းများကို အမြန်ဆုံးခွဲဝေထောက်ပံ့ပေးလျက်ရှိတဲ့အပြင် ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews